DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၂၃-၁-၂၀၂၆ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

Temperature Outlook

အပူချိန်ထူးခြားအခြေအနေ ထုတ်ပြန်ချက်
ထူးခြားသည့် အခြေအနေ မရှိပါ။
နေ့အပူချိန်များ မြင့်တက်နေသည့် အခြေအနေသတင်း
                                                                  နေ့အပူချိန်များ မြင့်တက်နေသည့် အခြေအနေသတင်း (၂၀၁၉ ခုနှစ်၊ မေလ (၂၁)ရက်နေ့ ထုတ်ပြန်ချက် ) (က)    ၂၀၁၉ ခုနှစ်၊ မေလ (၁၈)ရက်နေ့မှစ၍ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေ့အပူချိန်များ သည် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၇)ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ်အထိ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ်မှ (၇)ဒီဂရီစင်တီဂရိတ်အထိလည်းကောင်း၊ မြင့် တက်လျက်ရှိရာ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နောက်(၃)ရက်အထိ နေ့အပူချိန်များ မြင့်တက်နေမည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။ (ခ)    သို့ပါ၍ အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူများအနေဖြင့် နေ့အပူချိန်များ သိသာစွာ မြင့်တက်နေမှုကို သတိပြုနေထိုင်ကြပါရန် အသိပေးအပ်ပါသည်။  
Temperature Outlook
ထူးခြားအခြေအနေ မရှိပါ။