DEPARTMENT OF METEOROLOGY AND HYDROLOGY (MYANMAR)

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

Main menu

၁၁-၅-၂၀၂၆ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

လေဆင်နှာမောင်း (Tornado)

လေဆင်နှာမောင်း

လေဆင်နှာမောင်းသည်မုန်တိုင်းကြီးများနှင့်တွဲလျက်ပါလာသောမိုးတိမ်တောင် (Cumulonimbus) သို့မဟုတ် သီးခြားဖြစ်ပေါ်သည့် မိုးတိမ်တောင်ကြီးများ၏အောက်ခြေတွင်ဖြစ်ပေါ်သောပြင်းထန်သည့် မိုးလေဝသဖြစ်စဉ် တစ်ရပ် ဖြစ်သည်။

လေဆင်နှာမောင်းမှာ တိမ်တိုက်အတွင်း အထက်တက်လေနှင့် အောက်ဆင်းလေများသည် အချင်းချင်းပွတ်တိုက် လျက် လေပွေ(Vortex) အငယ်စားဖြစ်ပေါ်ရာမှ အောက်ခြေမြေပြင်ပေါ်ရှိ အရာဝတ္ထုနှင့် အဆောက်အဦ၊ အပင်များကို အပေါ်သို့ ဘယ်ရစ်ရစ်လျက် ပင့်တင်ဆွဲယူသွားပြီး၊ ဖြစ်စဉ်အတွင်း လေတိုက်နှုန်းမိုင် ၆၀ မှ ၈၀ ခန့်နှုန်းဖြင့် သယ်ဆောင် တိုက်ခတ်သွားခြင်း ဖြစ်ပါသည်။ ဖြစ်ပွားချိန်မှာ (၁၅)မိနစ်မှ (၃၅)မိနစ်ခန့်သာကြာပြီး လေဆင်နှာမောင်းအချင်းမှာလည်း ၁ မိုင်ခန့် ရှိနိုင်ပါသည်။ အဆိုပါဖြစ်စဉ်သည်ပင်လယ်ထဲ၌ ဖြစ်ပါက ရေဆင်နှာမောင်း (Water spout) ဟု ခေါ်ပါသည်။